ကျောက်တံတား၊ ဇန်နဝါရီ ၂၈ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ဆူးလေ ဘုရားလမ်းရှိ လမ်းမီးတိုင်မီးသီးများအား လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမီးများကို မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေရေးအတွက် လမ်းမီးများပြုပြင်ခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်လျှပ်စစ်မန်နေဂျာ စီမံဦးမင်းခိုင်မှ အနီးကပ်ကြီးကြပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)