ပျော်ဘွယ် ဇန်နဝါရီ ၂၈
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်၍ ဒေသခံ ပြည်သူများ ပါဝင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီလ (၂၈) ရက်၊ နံနက်(၁၀)နာရီက မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားသည့်နေရာများတွင် သွားရောက် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှု ကွန်ယက်စာမျက်နှာများမှတဆင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ၎င်းတို့၏လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်စေ၊ အသံဖြင့်ဖြစ်စေလှုံ့ဆော်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည် တို့ကို ပြုလုပ်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် Silent Strike(အသံတိတ်သပိတ်)တွင် ပါဝင်ခြင်းမရှိဘဲ မိမိလုပ်ငန်းဆောင်တာများကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက် နိုင်ပါကြောင်း စသည့်အချက်များပါဝင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)