ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) အတွင်း၌ လာမည့်ဖေဖော်ဝါရီ ၁ ရက် နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့မြို့နယ်အတွင်း၌ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒ ဖော်ထုတ်ခြင်းများ မပြုလုပ်ကြစေရန်အတွက် လှည့်လည်အသိပေးကြေငြာ ဆောင်ရွက်သွား မည့် အစီအစဉ်များ၊ ဌာနအလိုက်ဝန်ထမ်းများအား ထပ်ဆင့်အသိပေးရှင်းလင်း ဆောင်ရွက် သွားကြရန်နှင့် မိမိတို့ဌာနများ အနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ တင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဌာနဆိုင်ရာ များ တင်ပြလာသည့် လုပ်ငန်းများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။
စန္ဒာမိုး