ဓနုဖြူ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်း၊ လဝကမှူး ဒေါ်သိန်းသိန်းစိုးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီ အချိန်မှစ၍ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်တို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)