ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့လုံးကျွတ် စည်းကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်းလောင်းလှူ

မောင်တော  ဖေဖော်ဝါရီ   ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပြည်သူလူထုများမှ ပူး ပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်  မြို့တစ်ပတ်  စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်  အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ၊ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မောင်တော မြို့နယ်အတွင်းရှိ ရဟန်းသံဃာ ၊ သာမဏေ (၁၄၅)ပါး သည် မောင်တောမြို့ မြို့မ ကျောင်းတိုက်ရှေ့မှ မင်းဘာကြီးလမ်း-ဈေးမြောက်ဘက် ဗိုလ်ချင်းပြန်လမ်း-ဈေး အရှေ့ဘက် ဦးဥတ္တမ လမ်း-ယူနိုက်တက် တည်းခိုခန်းလမ်းမှ မြို့မကျောင်းကျောင်းတိုက်အထိ  တစ်လျှောက် ကြွရောက်ကာ  ဆွမ်းဆန်တော်များ အလှူခံကြရာ  ရဟန်း ၊ သံဃာတော်များအား စေတနာရှင် အလှူရှင်များက ဆွမ်း ဆန် စိမ်းနှင့် လှူဖွယ်ဝတ္တူများအား လောင်းလှူခဲ့ကြသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)