ဝါးခယ်မ ဖေဖော်ဝါရီလ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင်ယမန်နေ့ မွန်းလွဲ (၁)နာရီ က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြား၍ အခြေခံပညာ မူလတန်းလွန် တိုးချဲ့မြို့သစ်ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝါဝါမိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါ ဝင်စားစွာမှတ်သားခဲ့ကြကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)