(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကြီးမြို့နယ်၌ အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်ကြီး   ဖေဖော်ဝါရီ   ၂

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌  ယမန်နေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍  အောင်ဗလဘောလုံး ကွင်း၌ တာဝေးအပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊  ချောတိုင်တက်ပြိုင်ပွဲများအပြင် အေရိုးဗစ် ကိုယ်ကာယအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ပြိုင်ပွဲအသီးသီးတွင် ဆုရသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင်လည်း ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ပြုလုပ် ပေးသွားမည် ဖြစ်ပြီးအားကစားပြိုင်ပွဲများအနေဖြင့် တာဝေး မီတာ(၄၀၀)၊ တာဝေး မီတာ(၂၀၀)၊ တာဝေး မီတာ(၁၀၀) ပြိုင်ပွဲ၊ အမျိုးသား လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲနှင့် အိတ်စွတ်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်