လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လိပ်သို   ဖေဖော်ဝါရီ    ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ (၆) လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ် (၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် လိပ်သိုမြို့ ကက်သလစ်သာသနာကျောင်းထိုင်ဘုန်းတော်ကြီး Father ဒံညေးလယ်က အဖွင့်ဆုတောင်းကောင်းချီးပေးခြင်း၊ လိပ်သို့မြို့အုပ်ချုပ်ရေးမှူး ဦးစောမြကျော်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ သံတောင်ကြီးမြို့နယ် စည်ပင်တာဝန်ခံ အင်ဂျင်နီယာ ဦးကံချားမှ လုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးရဲထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကောမတီအဖွဲ့ဝင် ဦးစောဂျေဝင်းမြင့်၊ သံတောင်ကြီးမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးဝေဖြိုးမောင်၊ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြကျော်၊ မြို့နယ်မြေရဲစခန်းမှူးရဲလင်း၊ မြို့စည်ပင်တာဝန်ခံ ဒေါ်နော်နေဆိုးတို့က အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါလမ်းမှာ အလျား(၄၃၀)ပေ၊ အနံ ၁၀ပေ၊ ထု (၆)လက်မရှိပြီး ခွင့်ပြုရန်ပုံငွေ (၁၂.၈) သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)