ညောင်လေးပင်မြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ညောင်လေးပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနား (၁/၂၀၂၂) အား ယမန်နေ့ နံနက် ၉နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ပုသိမ်ကြီးမြို့ Community Centre တွင် Fitness Dance နှင့် တိုက်ကွမ်ဒို လှုပ်ရှားမှု သရုပ်ပြ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်းရာသီ အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ တိုက်ကွမ်ဒိုလှုပ်ရှားမှု သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉နာရီက Community Centre၌ ကျင်းပသည်။

မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေ စေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အရာထမ်း၊ အမှုထမ်းမိသားစုများက မိုင်းဟန်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များကို ယမန်နေ့က သွားရောက်ဆက်ကပ် လှူဒါန်းသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ဂနက် ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၌ ယမန်နေ့ ညနေ (၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အထက်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲ များကို ယမန်နေ့နံက်ပိုင်းက ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်း စကားပြော ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ က အ-ထ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည့်သူများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထိုးပေးမည်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေးလုံးဝ မထိုးရသေးသူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံမည့်သူများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်ဆိုင်ရာဆေးထိုးစုရပ်တို့၌ ထိုးပေးမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။

မုံရွာ တက္ကသိုလ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါမုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ရက် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်း၊ ပရိယတ္တိဗိမာန်တွင် ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့ရှိ မြကန်သာ သဘာဝရေပြင်တွင် ငါးအကောင်ရေ ၅၀၀၀၀ စိုက်ထည့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မူးယစ်ဘိန်းအစားထိုး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်( ၉ နာရီ ၃၀)က လွိုင်လင်မြို့ မြကန်သာ သဘာဝရေကန်တွင် ကျင်းပပြုလုပ်သည်။
Subscribe to