ပခုက္ကူမြို့နယ်သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် သံဃနာယကလုပ်ငန်း အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ရက် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်း၊ ပရိယတ္တိဗိမာန်တွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပခုက္ကူမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘန္ဒန္တအရိယဝံသ(အဂ္ဂမဟာပဏ္ဍိတက အဖွင့်ဩဝါဒစကားမြွက်ကြားပြီး ခရိုင်သာသနာရေးမှူး ဦးကျင်ရွှေက သံဃာအဖွဲ့အစည်းအသီးသီး၏ အနားယူအစားထိုးခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက လုပ်ငန်းစီမံချက်များအကြောင်းကို အသေးစိတ် ရှင်းလင်းလျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘန္ဒန္တဇဝနက နိဂုံးချုပ်ဩဝါဒ ကထာမြွက်ကြားသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)