မုံရွာ ဇန်နဝါရီ ၃၁
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတု အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါမုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် လက်တွဲညီညီ ရှေ့သို့ချီသာ တူညီမျှ ခံစားမည် ခေါင်းစဉ်ဖြင့် ဘာသာရပ် အလိုက် ကျောင်းသားကျောင်းသူ(၅)ဦးနှင့် ဘာသာရပ်အလိုက်ဆရာဆရာမ(၁၁)ဦး၊ ပန်းချီ ပြိုင်ပွဲတွင် တို့ညီနောင်ထု တည်ထောင်ပြု ပြည်ထောင်စုနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူ(၈)ဦးနှင့် ဘာသာရပ်အလိုက်ဆရာဆရာမ(၁၂)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၃၆)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
ယခုလိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် မိမိတို့မုံရွာတက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံ၏အထိမ်းအမှတ်နေ့များကို သတိတရ ရှိစေမည်ဖြစ်ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေးနှင့် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကျေးဇူးကို မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအားလုံး သိရှိစေရန်နှင့် ထိုဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများမှ တစ်ဆင့် အခြားသော ပြည်သူများနှင့် ကလေးငယ်များထံသို့ အသိပညာဗဟုသုတများ ပြန်လည် မျှဝေနိုင်စေရန် ရည်ရွယ်၍ ယခုလို ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအလိုက် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ် ချီးမြှင့် ပေးသွာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ခရိုင်(ပြန်/ဆက်)