နွားထိုးကြီးမြို့၌ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင် ပြပွဲကျင်းပ
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက် အားပေးခဲ့သည်။