ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ကျောက်တံခါး  ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များသည်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ဂနက် ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၌ ယမန်နေ့ ညနေ (၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို  ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက  ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask များ မပါသူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ကျနေသော်လည်း  ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန်  လိုအပ်သည့်အတွက် လူစည်ကားရာ နေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)