မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည့်သူများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထိုးပေးမည်

မိုးကောင်း ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေးလုံးဝ မထိုးရသေးသူများနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံမည့်သူများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်ဆိုင်ရာဆေးထိုးစုရပ်တို့၌ ထိုးပေးမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇၊ ၂၂၊ ၂၅ရက်များ၊ ဒီဇင်ဘာ ၃၊ ၄၊ ၅၊ ၆ ရက်စတုတ္ထအသုတ် Phase 4 first doses ထိုးထားသူများနှင့် ဒီဇင်ဘာ ၇၊ ၈၊ ၁၂၊ ၁၃ရက် ပဉ္စမအသုတ် Phase 5 firsr dosesထိုးထားသူများပါ ဒုတိယအကြိမ် Second Doses ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး စတုတ္ထအသုတ်(phase four first doses) ထိုးနှံပြီးသူ စုစုပေါင်း ၇၀၇၅ ဦးနှင့် ပဉ္စမအသုတ်(Phase five first doses) ထိုးနှံပြီးသူ စုစုပေါင်း၂၅၇၈ ဦး ရှိကြောင်း မြို့နယ်ထွေ/အုပ်၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေပြဇယားအရ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)