ခိုလမ် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ က အ-ထ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင်အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ က စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျောင်းသားကျောင်းသူ (၅၃)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြပြီး အလယ် တန်းအဆင့်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်းကို ကျောင်းအုပ်ကြီးထံမှ သိရသည်။
နောင်ဟေးငင်း(ခိုလမ်)