ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးများတွင် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေ

နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်သည့် လှုံ့ဆော်မှုများ အပေါ် ပြည်သူများအနေဖြင့်လိုက်ပါလုပ်ဆောင်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သဖြင့် ပါဝင်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာစျေး၊ ကမ်းနားစျေး၊ ကမ်းနားလမ်းတစ်လျှောက်တွင် နိုင်ငံတော်က ထုတ်ပြန် ထားသည့် သတင်းထုတ်ပြန်ချက်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တာလေမြို့၌ ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသကြက်ဖြန့်ဖြူးပေး​ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က နားယောင်းကျေးရွာအုပ်စုရှိ ဟွေဝုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံ‌ပျော်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ‌ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းရှိ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်း နှစ်ပတ်လည်အစည်းအဝေးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ဝက်လက်မြို့ ၌ သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်နည်း ( TOT ) သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့မစခန်းတွင် ယနေ့ နံနက် ၉ နာရီ အချိန်က သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်နည်း (TOT) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စု၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) စတင်ထိုးနှံ ပေးလျက်ရှိ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Vero)ကို (ဒုတိယအကြိမ်)အဖြစ် မုန်းကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးစုရပ်တွင် ထိုးနှံပေးခဲ့ပါသည်။

ကျောင်းကုန်းမြို့နယ်၌ ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ပြည်သူများသိရှိလိုက်နာစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ထိပ် စစ်ဆေးရေးဂိတ်တွင် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းတက္ကသိုလ်၌ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်ချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်း တက္ကသိုလ်၌ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမနှင့် ကံ့ကော်ဆောင်တို့တွင် ကျင်းပသည်။

ဂွမြို့နယ်တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများ သိရှိနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများပါဝင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း /ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံ ပြည်သူများအား ယနေ့နံနက်(၈)နာရီ အချိန်က  အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ် သံဃာဝန်ဆောင် အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သံဃာနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ် သံဃာ ဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က အောင်မင်္ဂလာမွေတော်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Subscribe to