ပုသိမ်ကြီးမြို့ Community Centre တွင် Fitness Dance နှင့် တိုက်ကွမ်ဒို လှုပ်ရှားမှု သရုပ်ပြ

ပုသိမ်ကြီး ဇန်နဝါရီ ၃၁

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်းရာသီ  အားကစားလှုပ်ရှားမှုအဖြစ် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ တိုက်ကွမ်ဒိုလှုပ်ရှားမှု သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉နာရီက Community Centre၌ ကျင်းပသည်။

အဆိုပါ သရုပ်ပြရာတွင် တိုက်ကွမ်ဒို နည်းပြဆရာ ဦးကျော်သူလွင်က ဦးစီး၍ အခြေခံ လက်သီးထိုး၊ ခြေကန်ချက်(၄)မျိုး၊ ကကွက်နှင့် စွမ်းရည်ပြခြင်းများကို တိုက်ကွမ်ဒို သင်တန်းသား သင်တန်းသူများက သရုပ်ပြသ ကစားခဲ့ကြပြီး၊ Fitness Dance ကပြခြင်းအား မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အေးအေးအောင်မှ ဦးဆောင် ကပြဆောင်ရွက်ခဲ့သည်။

အားကစားလှုပ်ရှားမှု သရုပ်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုဦးစီးမှူး ဦးရဲနောင်ထွန်း၊ နည်းစနစ်မှူး ဒေါ်အေးအေးအောင်နှင့် တိုက်ကွမ်ဒိုနည်းပြဆရာ ဦးကျော်သူလွင် နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

ဇာနည်ကိုကို