ညောင်လေးပင် ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ညောင်လေးပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနား (၁/၂၀၂၂) အား ယမန်နေ့ နံနက် ၉နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီ အလုပ်အမှုဆောင် ဦးထွန်းထွန်းဝင်းမှ ကြက်ခြေနီအဖွဲ့၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင် ဂုဏ်ထူးဆောင် ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးသိန်းအောင်နှင့် တာ၀န်ရှိသူများမှ သင်တန်းဆင်း ကြက်ခြေနီလူငယ်များအား သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ဖွင့်လှစ်၍ သုံးရက်တိုင်တိုင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်