နတ်မောက်မြို့နယ်ကျောက်တန်းကျေးရွာအုပ်စု တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျောက်တန်းကျေးရွာတွင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ကျောက်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။