ကျောက်ပန်းတောင်းပြန်/ဆက်တွင် (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကလေးများပျော်ရွှင်စေရန်စကားပုံချိတ်ဆက်ပြိုင်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစမြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကလေးငယ်များ ပျော်ရွှင်စေရန် ကစားနည်းမျိုးစုံဖြင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ၊ ဇန်နဝါရီ(၃၁)ရက်နေ့ နံနက်(၁၀)နာရီက စကားပုံချိတ်ဆက်ပြိုင်ပွဲကို မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေးအတွက် မြို့နယ်စီမံချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ဇန်နဝါရီ ၁၃ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရ သည်။

"အံ့ဩစရာ ရိုးရာဓလေ့များ"စာအုပ် စာဖတ်ဝိုင်း ကျင်းပ

စာရေးဆရာ အောင်သင်း၏ "အံ့ဩစရာ ရိုးရာဓလေ့"စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကနိကျေးရွာအုပ်စု၊ အထက(ကနိ)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင်ဆောင်ရွက်ကြကြောင်းသိရသည်။

မိုးနဲမြို့ နမ့်မော်ဆွမ့်ကျေးရွာတွင် မြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ နမ့်မော်ဆွမ့် ကျေးရွာအား စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် လင်းခေးခရိုင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် အဖွဲ့ဝင်များ ၊မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ၊မြို့နယ်လယ်ယာ‌မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးဌာနမှ တာဝန်ရှိသူများ ၊လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကျောက်တံခါးမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား /ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

(၇၅) နှစ်မြောက် စိန်ရတု၊ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။

မိတ္ထီလာမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်မှုဖလား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အား ကစားကွင်းတွင် ကျင်းပကြောင်းသိရသည်။

နမ္မတူတွင် တိုင်းရင်းသားပြည်သူ ၁၄၄၂၁ ဦးအား ကိုဗစ်ကာကွယ်ဆေးများထိုးပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ၅၈.၄၆ ရာခိုင်နှုန်းရှိပြီဖြစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၄၄၂၁ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ၅၈.၄၆ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။
Subscribe to