မိုးညိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗိုလ်နေဝင်းလမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားပြုလုပ်

၂၀၂၂ခု နှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini) ဘတ်ဂျက်တွင် အဖွဲ့ဝင်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ ဗိုလ်နေဝင်းလမ်း ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာအလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာအလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ နေရှင်နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သံဃာတော်(၂၅)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း

မန္တလေးတိုင်းသေကြီး၊ မြစ်သားမြို့နယ် နေရှင်နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်(၂၅)ပါးတို့အား ရှမ်းပွဲရပ်ကွက်၊ ရွှေမုဌောဘုရားစောင်းတန်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ယနေ့နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက်ပြည်ထောင်စုနေ့အကြိုစားပွဲ တက်တင်းနစ်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စားပွဲ တင်တင်းနစ် ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပြုလုပ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အကြို ဂုဏ်ပြုသောအားဖြင့် မြင်းခြံဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to