လက်ပံတန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ (၇၅ )နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလမ်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က လက်ပံတန်းမြို့ ၊မင်းရပ်ရပ်ကွက်၊ ဘုရားငါးဆူလမ်း၌ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၇ နာရီအချိန်က ကွန်နားကျေးရွာ မွေတော်ဘုရားစေတီနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်း၍ တပ်မတော်ထောက်ခံပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်း တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်း၍ တပ်မတော်ထောက်ခံပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲက ရှမ်းပွဲရပ်ကွက်ရှိ ရွှေပြည်သာမြတ်စွာ ဘုရားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်အတွင်းရှိ စျေးဆိုင်များ ပုံမှန်စျေးများ ရောင်းချလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ သံ​​စျေး၊ သိမ်ကြီး​စျေး(ဃ)ရုံ၊ သိမ်ကြီး​စျေး(င)ရုံတို့တွင် ယနေ့ နံနက်ပိုင်းက ကုန်ခြောက် ဆိုင်များ၊ ကုန်စိမ်းနှင့် အသား ငါးစျေးဆိုင်များအား ပုံမှန်နေ့ရက်များအတိုင်း စျေးသည် စျေးဝယ်များနှင့် ဝယ်ယူရောင်းချ နေလျက်ရှိ ကြောင်း သိရသည်။

မော်လိုက်မြို့၌ တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ထောက်ခံပွဲကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ စစ်မှန်သောဒီမိုကရေစီဖော်ဆောင်မည့် တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ထောက်ခံသည့် အနေဖြင့် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင် ဆောက်လုပ်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။

လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လပတ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ်(၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကျင်းပ

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီက ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ဂေါက်သီးကစားကွင်းတွင် စုဝေးကာငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့တပ်မတော်အား ထောက်ခံပွဲပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့တပ်မတော်အားထောက်ခံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ အသျှင်စန္ဒြမဏိဗိမာန်တော်မှ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြသည်။ 
Subscribe to