(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်​ပြုကြိုဆိုသောအားဖြင့် ဂေါက်ကွင်းလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ် (၁၀)ရပ်ကွက်ရှိ ဂေါက်ကွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကွန်ကရစ်လမ်းပေါ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ်

ရခိုင်ပြည်နယ်၊  မောင်တောခရိုင်၊ မောင်တောမြို့၌ ယမန်နေ့နံနက် ၁၀ အချိန်ခန့်က  မြို့ဝင်မုဒ်ဦးစ၍  အင်အား ၂၀၀ ခန့်က တပ်မ တော်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း  သိရသည်။

တောင်ငူ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် နတ်စင်ကုန်း အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပသည်။

အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ(၁)နာရီက အမျိုးသမီးအကြမ်းဖက်မှု ဆိုင်ရာအသိ ပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။

ကသာမြို့နယ်၌ လူဦးရေပေါင်း(၂၇၇၃၅)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထပအကြိမ်ထိုးနှံပြီးသူများအား ယခုနှစ် ဇန်နဝါရီလအတွင်း ဆက်လက်ထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ (၃၀)ရက်နေ့အထိတွင် လူဦးရေပေါင်း(၂၇၇၃၅)ဦးကို ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များစုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါခန်းမအတွင် ကျင်းပခဲ့သည်။

ဟိုပန်၌ စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်စျေးပွဲတော် ကျင်းပပြုလုပ်

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ဟိုပန်မြို့ရှိ ကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်

ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်‌ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ စိုက်ပျိုးရေးလမ်းသွယ်(၁)လမ်း၌ ပြုလုပ် ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ နိုဝင်ဘာလ)အထိ လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော (ဂ)ရပ်ကွက်၊ ရွှေတဆုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

မိတ္ထီလာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာမြို့ အထက(၁)တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရ သည်။
Subscribe to