ကျောက်ဖြူ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ(၁)နာရီက အမျိုးသမီးအကြမ်းဖက်မှု ဆိုင်ရာအသိ ပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အောင်တင်ကြည် (ဦးစီးအရာရှိ၊တာဝန်ပေး)က အသိပညာပေး Talk Show ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက အမျိုးသမီးအကြမ်းဖက်ခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့်နည်းလမ်းများ၊ အမျိုးသမီး များနှင့် ပတ်သက်၍ ဥပဒေပြဌာန်းထားရှိမှုများအား ပြောကြားဆွေးနွေးခဲ့သည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလအတွင်း ပြည်သူများ စာပေအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိ ပညာ ပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြုလုပ်ပြသပေးခြင်း၊ သုတ၊ရသ စာအုပ်အညွှန်းများ မိတ်ဆက် ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်းစသည့် အသိပညာပေးအစီအစဉ် များအား Face Book Page မှဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ဒေါ်အောင်တင်ကြည် ဦးစီးအရာရှိ (တာဝန်ပေး) ထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)