မောင်တော ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ယမန်နေ့နံနက် ၁၀ အချိန်ခန့်က မြို့ဝင်မုဒ်ဦးစ၍ အင်အား ၂၀၀ ခန့်က တပ်မ တော်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် တပ်မတော်ထောက်ခံပွဲအား မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်နေ ဦးပြည့်ဖြိုးစည်သူဦးဆောင်၍ ပြည်သူများက ယနေ့နိုင်ငံတော်အပေါ် တပ်မတော်၏ ဆောင်ရွက်နေမှုအား ထောက်ခံသည့်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး - ဒို့အရေး ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး- ဒို့အရေး၊ NUG , CRPH , PDF အမည်ခံ အကြမ်းဖက်အဖွဲ့အားတိုက်ဖျက်ကြ စသည့် ကြွေးကြော်သံ ဗိနိုင်းဆိုင်းဘုတ်တို့အား ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအား မောင်တောမြို့၊ မြို့ဝင်မုဒ်ဦးမှ စတင်ကာ ဗန္ဓုလလမ်းအတိုင်း၊ ထို့မှတဆင့် အလောင်းဘုရားလမ်းအတိုင်း ၎င်းမှတဆင့် မြို့မအားကစားကွင်းသို့ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက်ကာ ထောက်ခံပွဲပြုလုပ်ကြပြီး မြို့မအားကစားကွင်း၌ လူစုခွဲခဲ့ကြကြောင်း သိရသည်။
ဝေလ(မောင်တော)