ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၂
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ စိုက်ပျိုးရေးလမ်းသွယ်(၁)လမ်း၌ ပြုလုပ် ကျင်းပသည်။
အဆိုပါကွန်ကရစ်လမ်းအား ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လမ်းပေအရှည်(၅၄၀)ပေ၊ အကျယ်(၁၂)ပေရှိပြီး ခွင့်ပြုရန်ပုံငွေ ငွေကျပ်သိန်းပေါင်း (၅၄၀)သိန်း ကျပ်ငါးသောင်း (၅၀၀၀၀)ကျပ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ခံ အင်ဂျင်နီယာမှ ရှင်းလင်းပြောကြားသည်။
ထို့နောက်ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဖွင့်ပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိများနှင့်ဝန်ထမ်းများ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ရပ်ကွက်အတွင်းရှိ မိဘပြည်သူများမှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး