ကသာ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထပအကြိမ်ထိုးနှံပြီးသူများအား ယခုနှစ် ဇန်နဝါရီလအတွင်း ဆက်လက်ထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ (၃၀)ရက်နေ့အထိတွင် လူဦးရေပေါင်း(၂၇၇၃၅)ဦးကို ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇန်နဝါရီလ(၃၀)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေ(၂၄၄၂၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၃၃၁၀)ဦး၊ စုစုပေါင်း(၂၇၇၃၅)ဦးတို့အား ဒုတိယအကြိမ်အထိ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထိုသို့ထိုးနှံရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးကြသည်။
ခရိုင်(ပြန်/ဆက်)