ကျောက်ဖြူ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များစုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါခန်းမအတွင် ကျင်းပခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်လှူပွဲသို့ ကျောက်ဖြူမြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် ဆရာလေးများအား ကျောက်ဖြူခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်ပြည်သူများ၊ စုစုပေါင်းအလှူရှင်(၂၀၀) ဦးခန့်က လှူဖွယ် ပစ္စည်းများကို စုပေါင်းလှူဒါန်းခဲ့သည်။
၎င်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်အပါး (၁၆၂)ပါး နှင့် သာသနာ့ အနွယ်ဝင် သီလရှင်ဆရာလေး (၃)ပါး စုစုပေါင်း (၁၆၅)ပါးအား ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဆီမီးတိုင်၊ ဆေးဝါးများ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ သွားတိုက်တံနှင့်သွားတိုက်ဆေးများ၊ မုန့်ခြောက်အမျိုးမျိုး၊ ကော်ဖီထုပ်အမျိုးမျိုးစသည့် လှူဖွယ်ပစ္စည်းစုစုပေါင်းတန်ဖိုး (၅၈၈၂၂၅ဝိ/-)ကို သဒ္ဒါကြည်ဖြူစွာ လှူဒါန်း ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း