တောင်ငူ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

တောင်ငူ   ဖေဖော်ဝါရီ   

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် နတ်စင်ကုန်း အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ ဗိုလ်မှူးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရပုံ အကြောင်းများအား ဟောပြောပြီး မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အဌမတန်းမှ ကျောင်းသူ မမိုးဖူးဖူးခင်က ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့သည့် တိုးတက်ပြောင်း လဲသွေးချင်းတို့ရဲ့ ပွဲခေါင်းစဉ်ဖြင့် ကျပန်းစကားပြောစွမ်းရည်အား ပြန်လည်ဖျော်ဖြေသည်။

ဆက်လက်၍  မြို့နယ်အဆင့် စာစီစာကုံး၊ ကျပန်း၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ (ဦးအား ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်အနားသို့ ကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀) ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်