ကျောက်မဲခရိုင် ပြည်သူ့အားကစားကွင်းအတွင်း အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်မဲ   ဖေဖေါ်ဝါရီ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့အားကစားကွင်းအတွင်းတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစ၍ ‌ပျော်ပွဲရွှင်ပွဲနှင့်  အားကစားပြိုင်ပွဲ ၁၂ မျိုး ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ သံလုံးပစ်၊ သံပြားပစ်၊ အမြင့်ခုန်၊ အလျားခုန်၊ မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲအစရှိသည့် ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် အားလူးကောက်၊ ဂုံနီအိတ်စွပ်၊ သုံးချောင်းထောက်၊ အာလူးကောက်၊ မှုန့်စား၊ ဖားခုန်၊ အပ်နှဖားထိုး ပြိုင်ပွဲများကို ကျင်းပပြုလုပ် ခဲ့ပြီး  ကျောင်းသား/သူ ၂၀၀ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်း ၃ နာရီက အဆိုပါ ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)