(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာကန်တော်ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

ရေတာရှည်  ဖေဖော်ဝါရီ   ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာကန်တော် ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာကန်တော် ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာ ကန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန်ပတ်လမ်းအား မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၁၀:၃၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်သန်းမြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းမိုးဇော်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ကြွရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့သည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၏ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေပိုလျှံရန်ပုံငွေ ၁၀၂ ဒသမ ၉၆၈ သန်းဖြင့် လမ်းအရှည် ၃၄၁၈ ပေ၊ အကျယ် ၁၀ ပေ ရှိသော ကန်ပတ်လမ်း ကွန်ကရစ်လမ်းသစ်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)