ပြည် ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင်းဗြည်းကျေးရွာအုပ်စု၊ ဇလေ့တင်ကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ကျေးရွာတွင်းလမ်း မြေနီလမ်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ ကြောင်း သိရသည်။
အရှည်ပေ၂၉၁၀၊ အကျယ် ၁၀ ပေနှင့် ၉ လက်မထုရှိ အဆိုပါကျေးရွာတွင်း မြေနီလမ်းခင်းခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၏ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း၁၀၀နှင့် ကျေးရွာပြည်သူများ၏ လုပ်အားတို့ဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ မြို့နယ်သမဦးစီးမှူး ဦးသက်ပိုင်စိုးနှင့် တွင်းဗြည်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးတို့က ယင်းကျေးရွာလမ်းအား ယမန်နေ့နံနက်ပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)