သင်္ဃန်းကျွန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

သင်္ဃန်းကျွန်း  ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များ အရောက် ကွင်းဆင်းပြု လုပ်ဆောင်ရွက်ပေး လျက်ရှိရာယမန်နေ့၊ နံနက် (၁၁)နာရီမှ နေ့လယ်(၂)နာရီအထိ  (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့ဦးစီးမှူး ရုံးမှ လဝကမှူး ဉီးရဲထွန်း၊ ဒုလဝကမှူး ဒေါ်အေးအေးထွန်းနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း များရရှိ ရေးအတွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ၁၉ဦး၊ ၆(က)၂၀ဉီး စုစုပေါင်း (၃၉)ဦးအားဆောင် ရွက်ပေး ခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက် ပေးခြင်းတို့ကို နေ့စဉ် အခမဲ့ပြုလုပ်ပေး လျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံး တွင်လည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

စန္ဒာမိုး