ဟိုပန် ဖေဖော်ဝါရီ ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ဖေဖော်ဝါရီ(၁)ရက်နေ့နံနက်ပိုင်းက ဟိုပန်မြို့ရှိ ကျောက်တိုင်ကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ဆွမ်းဆန်တော်များ ဆက် ကပ်လောင်းလှူမည့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ တိုင်း၊ ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ နှင့် ဟိုပန်မြို့ရှိ ဒေသခံပြည်သူများက ပင့်ဖိတ်ထားသည့် ဟိုပန်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများရှိ သံဃာတော်အပါး(၅၀)နှင့် သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး(၂၀) တို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထု၊ ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ထို့နောက် ဆွမ်းဆန်တော်လောင်းလှူပွဲအပြီးတွင် နိဗ္ဗာန်စျေးပွဲတော်ကျင်းပပြုလုပ်ရာ ဟိုပန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများစု ပေါင်းကာ ဧည့်ပရိသတ်များအား ကြာဇံဟင်းခါး ၊ "ဝ"ဆန်ပြုတ် စသည့် စတုဒီတအာဟာရများ ကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)