လမိုင်း ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီလ (၁)ရက်နေ့ မွန်းလွဲ(၁)နာရီချိန်ခန့်က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရှိရ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဖြူဖြူအေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းပါ၀င်လာတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက် သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတ ရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် နေ့ထူးနေ့မြတ် များအကြောင်း သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြား ပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူ (၂၀)ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြူဖြူအေး(ပြန်/ဆက်)