မိုးမိတ်မြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကျင်းပ

မိုးမိတ် ဖေဖော်ဝါရီ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်  မိုးမိတ်မြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေ များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို ‌ဖေဖော်ဝါရီ ၁  ရက် နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍  မိုးမိတ်မြို့ပေါ် ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းနှင့် သီလရှင်ကျောင်းတိုက်(၂)တိုက်ရှိ သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၊ သီလရှင်  စုစုပေါင်း (၂၀၄) ပါးတို့က အလှူခံကြွမြန်း ခဲ့ကြပြီး အလှူရှင် များက လှူဘွယ်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ဆပ်ပြာစသည့်တို့ကို လောင်း လှူခဲ့ကြကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)