တနင်္သာရီမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိ

တနင်္သာရီ ဖေဖော်ဝါရီလ ၃

၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှုအစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မြို့မအားကစားကွင်းအတွင်း ဇန်နဝါရီလ၃၁ရက်နေ့မှစ၍ တစ်နေ့လျှင် (၂)ပွဲစီဖြင့် ယှဉ် ပြို်ငကစား လျက်ရှိရာ ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေ၄နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာအသင်းနှင့် ချောင်းကြီးရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။

ထိုသို့ ဘောလုံးပွဲစဉ်များယှဉ်ပြိုင်ကစားနေမှုများကို မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ အားကစား သမားများနှင့်ဘောလုံးဝသနာရှင်များက တခဲနက်အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအား မြို့မအားကစားကွင်းအတွင်း ဇန်နဝါရီလ၃၁ရက်နေ့ နံနက်၇ နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာအသင်း ၊ချောင်းကြီးရပ်ကွက်အသင်း၊ ချောင်း ငယ်ရပ်ကွက်အသင်း၊ ဆင်ခြေဖုန်းအသင်း၊ ရေဖြူကျေးရွာအသင်း၊ တမုတ်ချုန်းကျေးရွာအသင်းနှင့်တပ်နယ်အသင်းစသည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့က အုပ်စု(၂)စုခွဲ၍ ပတ်လည်စနစ်ဖြင့် နေ့စဉ် မနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ထိန်ဝင်း(ပြန်ဆက်)