ချမ်းမြသာစည် ဖေဖော်ဝါရီ ၃
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား သံလျက်မော်တောင်ရပ်ကွက်တွင် နေထိုင်ကြသော ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၊လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက် အဖြစ် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိ သေးသူများ၊ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်စိမ်း၀င်း