မင်းဘူး ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ သော (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထမ်းအမှတ်အကြို ဌာနဆိုင်ရာ ထမနဲထိုး ပြိုင်ပွဲ ကျင်းပခြင်းကို ဖေဖော်ဝါရီ ၁ ရက်နံနက် ၉ နာရီအချိန်က ပြည်သူ့ပန်းခြံဝင်းအတွင်း စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပညာရေးဌာန၊ လမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ထွေအုပ်(၁)၊ ထွေအုပ်(၂)ဟူ၍ ဌာန (၈) ဖွဲ့ယှဉ်ပြိုင် ခဲ့ကြပြီး ပညာရေးဌာနက ပထမ၊ လမ်းဦးစီးဌာနက ဒုတိယ၊ ထွေအုပ်(၁)က တတိယ အသီးသီးရရှိခဲ့ပြီး ကျန် သည့် ဌာနငါးဖွဲ့အားနှစ်သိမ့်ဆုများ ပေးအပ်ခဲ့သည်။
အဆိုပါ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အဖွဲ့များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒု/ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ကြပြီး ယခုလို ဌာနဆိုင်ရာများအား ထမနဲထိုးပြိုင်ပွဲ ကျင်းပပေးခြင်းဟာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိန်းအမှတ်အကြို ကျင်းပပေးခြင်းဖြစ်ပြီး မြန်မာတို့ရဲ့ရိုးရာ အစဉ်အလာအရ တပို့တွဲလ ထမနဲပွဲ ဆို သည့်အတိုင်း ကျင်းပပေးခြင်းဖြစ်သလို နောင်နှစ်တွေမှာလည်း အစဉ်လာမပျက် ဆက်လက်ကျင်းပ ပေးသွားမှာဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)