ဟုမ္မလင်း၌ လျှပ်စစ်ကုန်းအင်းဖြတ်လမ်းသစ်(ကျောက်ရောမြေ)ဖွင့်ပွဲကျင်းပ

ဟုမ္မလင်း ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နောင်ပကျစ်ရပ်ကွက်ရှိ လျှပ်စစ်ကုန်းအင်းဖြတ်လမ်းသစ်(အလျား ပေ၊ အနံ ၃၀ ပေ၊ ထု ပေ ကျောက်ရောမြေ)ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပရာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်မှ လမ်းသစ်ဖောက်လုပ်ခြင်းနှင့် ပတ်ပက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေ ပြည်သူတစ်ဦးမှ လမ်းသစ် ဖောက်လုပ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြည်သူများကိုယ်စား ကျေးဇူတင်းစကား ပြောကြားသည်။

ထို့နောက် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းကြည်၊ မြို့နယ်အမှုဆောင် အရာရှိ ဦးအောင်ကျော်တင်တို့က လျှပ်စစ်ကုန်း အင်းဖြတ်လမ်းသစ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းသစ်အား လိုက်လံကြည်ရှုခဲ့သည်။

အဆိုပါ လျှပ်စစ်ကုန်းအင်းဖြတ်လမ်းသစ် (ကျောက်ရောမြေ)ကို မြို့နယ်စည်ပင် သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ(၂၃.)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုလမ်းသစ်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ (၇၀၀' _ ၂၅' _ .") ကျောက်ရောမြေခင်းခြင်းအတွက် ရန်ပုံငွေကျပ်(.)သန်း လျားထားပြီး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဧဆက်(ဟုမ္မလင်း)