ရန်ကုန် ဖေဖော်ဝါရီ ၃
၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် မီတာ(၂၀၀)ပွဲစဉ်များဖြစ်သည့် အမျိုးသား(၇) တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး(၇) တက်လှော်ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး(၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး (Mixed)၊(၁၀) တက်လှော်ပြိုင်ပွဲများကို ကျင်းပပြီး ဗိုလ်လုပွဲစဉ်များကို ညနေပိုင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးမီတာ(၂၀၀)(၇) တက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိ သွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ် အသင်းတို့အား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း က လည်းကောင်း၊ အမျိုးသားမီတာ(၂၀၀)(၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ကရင်ပြည်နယ်အသင်းတို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ က လည်းကောင်း၊ အမျိုးသမီး မီတာ (၅၀၀)(၇) တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ် အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က လည်းကောင်း၊ အမျိုးသားမီတာ (၅၀၀)၊(၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး က လည်းကောင်း၊ အမျိုးသမီးမီတာ (၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိ သွားသော ရှမ်းပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်း က လည်းကောင်း၊ အမျိုးသား မီတာ (၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသွားသော ကရင်ပြည်နယ် အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း က လည်းကောင်း၊ အမျိုးသမီး မီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိ သွားသော ရှမ်းပြည်နယ် အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က လည်းကောင်း၊ အမျိုးသား မီတာ (၅၀၀) (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး က လည်းကောင်း၊ အမျိုးသား+အမျိုးသမီး (Mixed)မီတာ(၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က လည်းကောင်း၊ အမျိုးသား+အမျိုးသမီး( Mixed)မီတာ(၅၀၀)(၁၀) တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ က လည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ သည်။
ဆက်လက်၍ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၁)ဆုဖြင့် အမျိုးသား တံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၇)ဆု၊ ငွေတံဆိပ်(၃)ဆုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ စုပေါင်းတံခွန်စိုက်ဒိုင်းကြီး အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင် က လက်ခံရယူ ခဲ့သည်။
၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်ပြိုင်ပွဲတွင် မီတာ ၂၀၀/ ၅၀၀ (၇)တက်လှော် ပြိုင်ပွဲများတွင် ဆုရရှိသော အသင်းများအား ဆုတံဆိပ်များနှင့်အတူ ပထမရရှိသော အသင်းအား ငွေသားကျပ် (၅)သိန်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေသားကျပ် (၃)သိန်း၊ တတိယ ဆုရရှိသော အသင်းအား ငွေသားကျပ်(၂)သိန်းနှုန်းဖြင့် လည်းကောင်း၊ မီတာ ၂၀၀/၅၀၀/ Mixed (၁၀)တက်လှော် ပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများအား ဆုတံဆိပ်များနှင့်အတူ ပထမရရှိသော အသင်းအား ငွေသားကျပ် (၁၀)သိန်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေသားကျပ် (၇)သိန်း၊ တတိယ ဆုရရှိသော အသင်းအား ငွေသားကျပ်(၅)သိန်းနှုန်းဖြင့်လည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)