သနပ်ပင်မြို့နယ်၌ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

သနပ်ပင် ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ အောက်ဆီဂျင်စင်ရုံဖွင့်ပွဲနှင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ ()နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကား ပြောကြားကာ အောက်ဆီဂျင်စက်နှင့် အဆောက်အဦးအလှူရှင်များ ကိုယ်စား အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ရွှေမှ စက်ရုံတည်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  အောက်ဆီဂျင်စက်ရုံ အဆောက်အဦးနှင့် ပတ်သက်သည့်  စာရွက်စာတမ်း အထောက်အထားများ  စက်ရုံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌမှ  လွှဲပြောင်းပေးအပ်ရာ  မြို့နယ်ပြည်သူ့ ဆေးရုံ  လက်ထောက် ဆရာဝန် ဒေါက်တာ နိုင်မင်းဖြိုးမှ လက်ခံရယူခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၅၅၀၀၀) တန်ဖိုးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)