ဝမ်းတွင်း ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်ကာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်မှ စာအုပ်ပြပွဲများ ခင်းကျင်းပြသရခြင်း အကြောင်း များနှင့် စပ်လျဉ်း၍ ယနေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် စာပေများ စိတ်ဝင်စားမှုရှိလာစေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာပေကို ချစ်မြတ်နိုးလာပြီး စာပေဖတ်ရှု့မှုများ ဖြစ်ပေါ်လာစေရန်၊ စာပေအသိပညာဗဟုသုတ ရှိမှသာ လျှင် အမှားအမှန်ကို ဝေဖန်ပိုင်းခြား တက်နိုင်မည်ဖြစ်ပြီး ယနေ့လူငယ် နောက်ဝယ်လူကြီးမို့ နောင်တစ်ချိန်တွင် ခေါင်းဆောင်ကောင်း များ ပေါ်ထွန်းလာစေရန် ငယ်စဉ်ကတည်းက စာပေးများကို ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာအုပ်ပြပွဲများ ခင်းကျင်းပြသရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စာအုပ်ပြပွဲတွင် ပါတော်မူပြီးစ အမြန်မာနိုင်ငံအခြေအနေ၊ ဗီဇအလင်းနှင့် ကဗျာများ၊ ယရမနေသစ် ကောင်းပေ၊ တက္ကသိုလ်ဘယ်မှာရှိတယ်၊ ထနောက်၊ ကနီခရီးသည်၊ ဆေးသားလွှင့်ပျယ်မသားသည့် လွမ်းခြင်းများ၊ မြန်မာ့ရုပ်သေး ကြိူးဆွဲနည်းပညာ၊ ကမ္ဘာသစ် အကြမ်းဖက်အန္တရာယ်နှင့် ဗဟုဝါဒ၊ ကမ္ဘာနီတိပုံပြင်များ၊ အလီဘာဘာနှင့် ဘူန်းကြီးကိုကို စာပေများနှင့် အခြားသောမဂ္ဂဇင်း၊ ဆောင်းပါးများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲအခမ်းအနားသို့ မြို့ပေါ်ရပ်ကွက်ရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများမှ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဌေးလှိုင်