နောင်ချို ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးမျိုးဇာလင်းက မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ၊ စီးပွားရေးလုပ် ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)