ဝါးခယ်မ ဖေဖေါ်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ယနေ့နံနက်၁၀နါရီအချိန်က ကျောင်းသား/ကျောင်းသူများအား ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်နည်းအား သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက် လာစေရန်၊တီထွင်ကြံဆတတ်ရန်၊ ကိုယ့်အားကိုယ်ကိုးတတ်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ရီရီလွင်က ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်နည်းကို သင်ကြားပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူလေးများက လက်တွေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရီရီလွင်(ပြန်/ဆက်)