ရန်ကုန် ဖေဖော်ဝါရီ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် အတူတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များသို့ ဒုတိယအကြိမ် စက်သုံးဆီဖိုးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သာကေတ မြို့နယ်၊ ဇိနမာန်အောင် ဘုရားဝင်းအတွင်းရှိအောင်တော်မူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်မှ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များအား စက်သုံးဆီဖိုးထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး သာကေတမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အတူတက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် လူမှုကူညီရေး အသင်းအဖွဲ့(၂၀)တို့ အား ငွေကျပ်သိန်း(၂၀)နှင့် မြို့နယ်ကြက်ခြေနီအသင်းအား ငွေကျပ်(၂)သိန်း စုစုပေါင်း(၂၂)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်တို့က ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)