ဆိပ်ဖြူမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဆိပ်ဖြူ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်းရှေ့နှင့် အသိပညာပေး လက်ကမ်းစာစောင်ကိုဗိုလ်ချုပ်လမ်းနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်။

အဆိုပါအသိပညာပေးခြင်းကို ကလေးသူငယ်များအား အလုပ်သမားအဖြစ်ခိုင်းစေမှုလျော့နည်း ပပျောက်စေရန်နှင့် တားဆီး ကာကွယ်ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးနိုင်ရန်၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးငယ်များ ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရေးနှင့် သက်မွေးပညာရပ်ကျောင်းများ တက်ရောက်နိုင်ရေး ပူးပေါင်းစီမံဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် ကလေးသူငယ်များ၏ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါအသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာ ပေး လက်ကမ်းဖြန့်ဝေခြင်းကို လူစည်ကားရာနေရာများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ များက ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)