မိုင်းရှူး ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်၌ မိုင်းရှူးမြို့ အခြေခံပညာအထက်တန်း ကျောင်း၊ခရေဆောင်ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းက နိုင်ငံသားစိစစ်ရေးကတ် ပြားကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များကို ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး နိုင်-၃ (က) ကျား(၄၂)ဦး နှင့် မ(၅၃)ဦး၊ပေါင်း(၉၅)ဦး တို့အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းတို့မှ ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)