တန့်ယန်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အမှတ်(၂) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်း ဆောင်ရွက်ပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက် အတွင်းရှိ ဒေသခံ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးမှုတွင် အခက်အခဲ မရှိစေရန်အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)