ပန်းတောင်းမြို့ နယ်ကြခတ်ရပ်ကွက်တွင်အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအားထောက်ပံ့ကြေးငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက် တွင်သက်ကြီး ဘိုးဘွားများအား ဖေဖော်ဝါရီ  ၁ ရက်နေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့တော်ခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့ Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာ‌ပေး‌ ဆောင်ရွက်မှုအနေဖြင့် ရေသယံဇာတများစနစ်တကျ ထိန်းသိမ်းကြခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် အားကစားပွဲများကျင်းပနိုင်ရန် ကွင်းဖောက် ဖွင့်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေပိုင်းက အားကစားပွဲများ ကျင်းပနိုင်ရန် ကွင်းဖောက်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ် တင်မြှောက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် (အဋ္ဌမအကြိမ်)မြို့နယ် သံဃနာယကအဖွဲ့ အနားယူ/အစားထိုးရွေးချယ်တင်မြှောက်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံသားတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်ရန်နှင့် လူဦးရေနှင့်အိမ်ထောင်စုစာရင်းများအား နိုင်ငံသား မိသားစုတိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုင်ဆောင်ထားရှိနိုင်ရန် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မအူပင်မြို့နယ် ဦးစီးရုံး မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးနှင့် ဝန်ထမ်းများက တလုတ်လပ်အရှေ့ကျေးရွာအုပ်စု၊ ဇောယျာ သိဒ္ဓိသိမ်ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျ ရောက်မည့် စိန်ရတုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်းတောင်းမြို့နယ်၌ထပ်ပိုးကတ္တရာလမ်းဖွဲ့ပွဲကိုသိပ္ပံလမ်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to